မိုဟာမက် အူအာဘီကို မော်ရိုကိုအသင်းနည်းပြသစ်အဖြစ် မတ်လ ၅ ရက်တွင် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ၎င်းသည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ရက် ၁၀၀ အလိုတွင် ဝါလစ်ရီဂရာဂီ၏ နေရာကို အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။

မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က မတ်လ ၅ ရက်ညပိုင်းတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ယင်းဆုံးဖြတ်ကို ကြေညာခဲ့သည်။ ထို့ပြင် ယင်းအခမ်းအနားတွင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖောင်ဇီလက်ဂျာက ထွက်ခွာသွားတော့မည့် နည်းပြအား ဂုဏ်ပြုကျေးဇူးတင်စကားလည်း ဆိုခဲ့သည်။

မိုဟာမက် အူအာဘီသည် ပြီးခဲ့သည့်နှစ်က ချီလီနိုင်ငံတွင် ကျင်းပခဲ့သည့် ယူ - ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကို ယူ-၂၀ အသင်းကို ကမ္ဘာ့ဖလားဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည့် နည်းပြတစ်ဦးဖြစ်သည်။   

မိုးဇက်