ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲပြုလုပ်

သထုံ ၃၀ မေ

မွန်ပြည်နယ်၊  သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာ လေသာမြိုင်တိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်နေသည့် ပအိုဝ်းစာပေယဉ်ကျေးမှုနှင့် လူငယ်စွမ်းရည်မြှင့်သင်တန်း၌ ယနေ့မွန်းလွဲပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး ဟောပြောခြင်း၊ နရံကပ်စာစောင်များပြသခြင်းတို့ကို လိုက်လံပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

mdn

 

အသိပညာပေးဟောပြောပွဲတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က ရာသီဥတုပြောင်းလဲလာမှုနှင့် အမှိုက်ကင်းစင်ရေး၊ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး၊ သစ်တောသစ်ပင်သယံဇာတများထုတ်ယူသုံးစွဲမှု ဂရုပြုရေး စသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ဆွေးနွေးဟောပြောကာ သင်တန်းတက်ရောက်နေသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းခဲ့သည်။

 

mdn

 

အဆိုပါအခမ်းအနားတွင် သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရာသီဥတု ပြောင်းလဲနေမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ သင်တန်းတက်ရောက်နေကြသည့် ပအိုဝ်း တိုင်းရင်းသားလူငယ်များနှင့် တက်ရောက်လာသူတို့က စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

MDN