ကမ္ဘာ့ရိုးရာ နဂါးလှေချန်ပီယံရှစ် ပထမနေ့ပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ ရွှေနှစ်၊ ငွေတစ်၊ ကြေးတစ်ခု ဆွတ်ခူး 

ရန်ကုန် ၂၁ သြဂုတ် 

ထိုင်းနိုင်ငံ ပတ္တရားမြို့၌ သြဂုတ် ၂၀ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့်  (၁၄) ကြိမ်မြောက် ကမ္ဘာ့ရိုးရာနဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့နံနက်ကစတင်ခဲ့ပြီး ပထမနေ့ပြိုင်ပွဲတွင်  မြန်မာအသင်းပွဲစဉ် ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့လက်ရွေးစင်လှေလှာ်အဖွဲ့ ရွှေနှစ်၊ ငွေတစ်၊ ကြေးတစ်ခုဆွတ်ခူးရရှိထားကြောင်း သိရသည်။    

 

0603

                                       

ပထမနေ့ ဗိုလ်လုပွဲပြိုင်ပွဲ၌ မီတာ ၂၀ဝ၀ Small boat ယူ-၂၄ အမျိုးသား + အမျိုးသမီးတွင် မြန်မာ၊ အီတလီ၊ ပြင်သစ်၊ ဂျပန်၊ ဆွီဒင်၊ ဟောင်ကောင်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ထိုင်း၊ ဂရိ၊ ဗြိတိန်၊ ကနေဒါအသင်းယှဉ်ပြိုင်ကြရာ မြန်မာအသင်းက စံချိန် ၉ မိနစ် ၂၇ ဒသမ ၉၈၀ စက္ကန့်ဖြင့် ပထမ(ရွှေ)၊ တရုတ်အသင်းက စံချိန် ၉ မိနစ် ၃၂ဒ သမ ၈၄၀ စက္ကန့်ဖြင့် ဒုတိယ(ငွေ)၊ သြစတြေးလျအသင်းက စံချိန် ၉ မိနစ် ၅၀ ဒသမ ၂၂၀ စက္ကန့်ဖြင့် တတိယ (ကြေး)တံဆိပ်ဆု ရရှိခဲ့ကြသည်။

ယူ ၂၄ အမျိုးသားအလွတ်တန်းပြိုင်ပွဲ၌ ထိုင်းက စံချိန် ၉ မိနစ် ၂၂ ဒသမ ၅၁၅ စက္ကန့်ဖြင့် ပထမ(ရွှေ)၊ မြန်မာအသင်းက စံချိန် ၉ မိနစ် ၃၉ ဒသမ ဝ၉၃ စက္ကန့်ဖြင့် ဒုတိယ(ငွေ)၊ ထိုင်းအသင်းက စံချိန် ၉ မိနစ် ၃၉ ဒသမ ၇၆၇ စက္ကန့်ဖြင့် တတိယ(ကြေး) တံဆိပ်ဆုဖြင့်လည်းကောင်း မီတာ ၂၀ဝ၀ Small Boat အမျိုးသမီး ယူ-၂၄ ၌ မြန်မာအသင်းက စံချိန် ၁၀ မိနစ် ၂၈ ဒသမ ၇၉၇ စက္ကန့်ဖြင့် ပထမ(ရွှေ)၊ ထိုင်းအသင်းက ၁၀ မိနစ် ၃၁ ဒသမ ၈၅၄ စက္ကန့်ဖြင့် ဒုတိယ(ငွေ)၊ အမေရိကန်အသင်းစံချိန် ၁၀ မိနစ် ၅၁ ဒသမ၂၇၃ စက္ကန့် တတိယ(ကြေး) တံဆိပ်ဆုရရှိခဲ့ကြသည်။ 

အမျိုးသမီးမီတာ ၂၀ဝ၀ (၁၀)တက်ပြိုင်ပွဲ၌ ပထမ ထိုင်း၊ ဒုတိယ တရုတ်နှင့် တတိယ မြန်မာတို့ကလည်းကောင်း အမျိုးသားမီတာ ၂၀ဝ၀ (၁၀)တွင် Premier Mixed ဗိုလ်လုပွဲတွင် မြန်မာအသက်းက စတုတ္ထရရှိပြီး အီတလီအသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ ကနေဒါအသင်းက တတိယ အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။               

သတင်း - အာကာစိုး                                
ဓာတ်ပုံ - ကျော်ခိုင်(အား/ကာ)