ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ ကူးစက်ခံရမှု ၁၀ သန်းကျော်ရှိလာ

၂၉ ဇွန်

 

 

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ် ကူးစက်မှု အရေအတွက် ၁၀ သန်းကျော်ရှိလာပြီး အလွန်ဆိုးရွားသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။

 

 

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနှင့် အနောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု တစ်ရှိန်ထိုးတက်လာသည်။

 

 

အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသန ပြုလုပ်သူများက ရောဂါကူးစက်မှု ၁၀ သန်းကျော် ရှိလာကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

 

အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ်မှတ်တမ်းများအရ စနေနေ့က အတည်ပြုကူးစက်မှု ၄၂၅၉၇ ဦး ရှိသည်ဟု သိရသည်။

 

 

ဖလောရီဒါ၊ တက္ကဆက်၊ ကယ်လီဖိုးနီးယားနှင့် အရီဇိုးနား စသည့် ပြည်နယ် ၃၁ ခုတွင် ရောဂါကူးစက်မှု သိသိသာသာ မြင့်တက်လာသည်ဟု အေဘီစီသတင်းဌာနနှင့် အခြားသူများ၏ လေ့လာဆန်းစစ်မှုများက ဖော်ပြထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို