ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု တစ်နေ့တည်းမှာပင် စံချိန်တင်မြင့်တက်လာ

၁၄ စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်မှာ တစ်ရက်အတွင်း စံချိန်တင်မြင့်တက်လာသည်ဟု ကမ္ဘာကျန်းမာရေးအဖွဲ့ က ယမန်နေ့က ပြောကြားခဲ့သည်။

 

ကမ္ဘာတစ်ဝှမ်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၀၇၉၃၀ ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်မှုအမြင့်မားဆုံးဖြစ်သည့် နေ့တစ်နေ့ အဖြစ် စံချိန်တင်ခဲ့သည်။

 

ကမ္ဘာတစ်ဝန်းတွင် ယခုအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၈ ဒသမ ၆ သန်းကျော်ရှိပြီး ယင်းရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၉၁၇၄၀၀ ကျော် ရှိလာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြားချက်အရ သိရသည်။

 

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးမှာရှိနေပြီး  ယမန်နေ့ကအထိ ကူးစက်ခံရသူဦးရေ ၆ ဒသမ ၅ သန်းကျော်ရှိပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE)  က ပြောကြားသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅၀၁၉၀၄ ဦး အထိမြင့်တက်လာပြီး ထိုကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၉၃၈၄၃ ဦး ရှိလာကြောင်း CSSE ပြောကြားချက်အရ သိရသည်။

 

ဘရာဇီးနိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ရောဂါကူးစက်ခံရပြီးသေဆုံးသူဦးရေ ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာနိုင်ငံများတွင် ရောဂါကူးစက်မှု တတိယအများဆုံးနိုင်ငံ ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၁၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၃၁၆၂၅ ဦး အထိ ရှိလာကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို