ကမ္ဘာတစ်ဝန်း  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း သန်း ၆၀ ကျော်ရှိလာ

၂၆ နိုဝင်ဘာ

 

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း သန်း ၆၀ ကျော်ရှိလာသည်ဟု အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ဆိုသည်။

 

ကမ္ဘာတစ်ဝန်းတွင် ယမန်နေ့ကအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၃၇၇၃၅ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၄၁၄၅၁၃ ဦး ရှိကြောင်း ထိုတက္ကသိုလ်က ဖော်ပြထားသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးဖြစ်ပွားပြီး ရောဂါကူးစက်ခံရသူပေါင်း ၁၂၆၄၂၂၄၅ ဦး ရှိသည်။

 

ထို့နောက် အိန္ဒိယနိုင်ငံတွင် ၉၂၂၂၂၁၆ ဦး၊ ဘရာဇီးတွင် ၆၁၁၈၇၀၈ ဦး၊ ပြင်သစ်တွင် ၂၂၀၆၃၆၉ ဦး နှင့် ရုရှားနိုင်ငံတွင် ၂၁၄၄၂၂၉ ဦး တို့ရောဂါကူးစက်ခံရသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ဘရာဇီးနိုင်ငံတွင် ၁၇၀၁၁၅ ဦး၊ အိန္ဒိယတွင် ၁၃၄၆၉၉ ဦး၊ မက္ကဆီကိုတွင် ၁၀၂၇၃၉ ဦးနှင့် ဗြိတိန်တွင် ၂၁၄၄၂၂၉ ဦး သေဆုံးခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၆၀၅၉၁ ဦးရှိပြီး သေဆုံးမှုအများဆုံးနိုင်ငံလည်း ဖြစ်သည်။

 

ရောဂါကူးစက်ခံရသူအရေအတွက် ၁၀ သန်းကျော်ရှိလာရန် ရက်ပေါင်း ၁၆၆ ရက်ကြာမြင့်သည်။ သို့သော် ရောဂါကူးစက်မှုအရှိန်အဟုန် တဖြည်းဖြည်းမြင့်တက်လာသည်။ ဖော်ပြထားသော ကိန်းဂဏန်းများအရ ၁၇ ရက်အတွင်း ရောဂါကူးစက်ခံရသူ သန်း ၅၀ မှ သန်း ၆၀ အထိရောက်ရှိခဲ့သည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို