ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ကိုးသိန်း သုံးသောင်းကျော်ရှိလာ

၁၆ စက်တင်ဘာ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူဟာ ၉၃၆,၀၉၅ ဦး သေဆုံးသူကြောင်း ဒီနေ့ (ဗုဒ္ဓဟူးနေ့) ကြေညာချက်အရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက်ဟာ ၂၉,၆၃၃,၅၉၀ ဦးရှိပြီး အဲဒီထဲက ၁၉,၇၈၇,၄၀၀ ဦးဟာ ပြန်လည် ကျန်းမာလာကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

နိုင်ငံတော်တော်များများမှာ ဗိုင်းရပ်စ်ပိုးလက္ခဏာရှိသူ သို့မဟုတ် ရောဂါလက္ခဏာ ခံစားနေရသူတွေဟာ ဗိုင်းရပ်စ်ပိုး စစ်ဆေးပေးနိုင်ကြောင်း သိရပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အင်္ဂါနေ့တစ်ရက်တည်းမှာ သေဆုံးသူ ၆၂၅၇ နဲ့ ပိုးတွေ့ရှိသူ ၂၉၆,၄၀၁ ဦးရှိကြောင်း သိရပါတယ်။

သေဆုံးသူစာရင်း နောက်ဆုံးထုတ်ပြန်ချက်မှာ အိန္ဒိယနိုင်ငံမှာ ၁,၂၀၉ ဦး၊ အမေရိကန်နိုင်ငံမှာ ၁,၂၅၀ ဦးနဲ့ ဘရာဇီးနိုင်ငံမှာ ၁,၁၁၃ ဦးရှိကြောင်း ပါရှိပါတယ်။

အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁၉၅,၉၆၁ ဦး ရှိတဲ့အတွက် အများဆုံးနိုင်ငံဖြစ်ပါတယ်။ အဲဒီနောက် ဘရာဇီးနိုင်ငံမှာ ၁၃၃,၁၁၉ ဦး၊ အိန္ဒိယနိုင်ငံမှာ ၈၂,၀၆၆ ဦး၊ မက္ကဆီကိုနိုင်ငံမှာ ၇၁,၆၇၈ ဦး နဲ့ ဗြိတိန်နိုင်ငံမှာ ၄၁,၆၆၄ ဦးဖြစ်ကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP