ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကုသရေးမှာ ပါဝင်နေတဲ့ သူနာပြု ၁,၀၀၀ ကျော်သေဆုံး

၁၇ စက်တင်ဘာ

ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကုသရေးမှာ ပါဝင်နေတဲ့ သူနာပြု ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သူနာပြုကောင်စီ (ICN) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုထုတ်ပြန်တဲ့ စာရင်းထက် များနိုင်ကြောင်းလည်း သတိပေးလိုက်ပါတယ်။

ကပ်ရောဂါပိုးတိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ကျန်းမာရေးလုပ်သားတွေဟာ အစိုးရတွေရဲ့ လုံလောက်တဲ့ ကာကွယ်ရေးပစ္စည်း လုံလောက်အောင် မထောက်ပံ့နိုင်ခြင်းကလည်း အခြေအနေကို ပိုဆိုးစေတယ်လို့ ICN က ပြစ်တင်ထားပါတယ်။

နိုင်ငံပေါင်း ၁၃၀ ကျော်မှာ သူနာပြုပေါင်း သန်း ၂၀ ရှိရာ ဩဂုတ် ၁၄ ရက်နေ့မှာ ရရှိတဲ့ သတင်းအရ နိုင်ငံပေါင်း ၄၄ နိုင်ငံမှ သူနာပြု ၁,၀၉၇ ဦးသေဆုံးကြောင်း ICN ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ဆက်စပ်ပြီး သူနာပြု ၃၅၁ ဦးရှိကြောင်း ဩဂုတ် ၁၁ ရက်နေ့ သတင်းအရ သိရပြီး မက္ကဆီကိုနိုင်ငံမှာ သူနာပြု ၂၁၂ ဦး သေဆုံးကြောင်း နောက်ဆုံးရ သတင်းအရ သိရပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ရဲ့ စက်တင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အဆင့်မျိူးစုံ ပါဝင်သော ကျန်းမာရေးလုပ်သား အနည်းဆုံး ၇,၀၀၀ သေဆုံးကြောင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံပေါင်း ၃၂ နိုင်ငံရဲ့ အချက်အလက်အရ ကျန်းမာရေးလုပ်သား ၅၇၂,၄၇၈ ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ကြောင်း ICN ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MDN

ကိုးကား - AFP