ကမ္ဘာတစ်ဝန်း၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၀၀ ကျော်ရှိလာ

ဂျီနီဗာ   ဇွန်   ၁၀
 
ကမ္ဘာတစ်ဝန်း၌ လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ပေါင်း ၁၀၀၀ ကျော်ရှိလာကြောင်းနှင့် ရောဂါကူးစက်ခံရသူ    အများစုမှာ အနောက်နိုင်ငံများမှဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အကြီးအကဲ တီဒရော့ အက်ဒါနွမ် ဂါဘရီယီဆက်က ယမန်နေ့ သတင်းစာ         ရှင်းလင်းပွဲတွင် ပြောကြားသည်။ 

ယခင်က မျောက်ကျောက်ရောဂါ ကူးစက်ဖူးခြင်း  မရှိခဲ့သည့် နိုင်ငံ ၂၉ နိုင်ငံ၌ အဆိုပါရောဂါကူးစက်ခံရသူပေါင်း ၁၀၀၀ ကျော်တွေ့ရှိရကြောင်းနှင့် ရောဂါ ကူးစက်မှုကြောင့်      သေဆုံးခြင်း မရှိသေးကြောင်း     ဂါဘရီယီဆက်က ဆိုသည်။ 

ရောဂါကူးစက်ခံရသူများအား ရှာဖွေဖော်ထုတ်ခြင်းကဲ့သို့သော ရောဂါကူးစက်မှုထိန်းချုပ်ရေးဆိုင်ရာ ဆောင် ရွက်ချက်များကို ကြိုးပမ်းလုပ်ဆောင် ကြရန်  ရောဂါကူးစက်မှုတွေ့ရှိသည့် နိုင်ငံများအား    ဂါဘရီယီဆက်က တိုက်တွန်းပြောကြားသည်။ 

မျောက်ကျောက်    ရောဂါသည် တစ်ဦးနှင့်တစ်ဦး ထိတွေ့ခြင်းနှင့် ရောဂါ ကူးစက်ခံရသူနှင့် အနီးကပ်နေထိုင်ခြင်းတို့ကြောင့်   ကူးစက်ခံရခြင်းဖြစ်သည့် အတွက် အဆိုပါအချက်များကို ရှောင်ရှား သင့်ကြောင်း မျောက်ကျောက်ရောဂါ ဆိုင်ရာ ကျွမ်းကျင်သူ ရိုဆာမန်လူးဝစ် က ပြောကြားသည်။ 
ထို့ပြင် မျောက်ကျောက်ရောဂါသည် လေမှတစ်ဆင့်     ကူးစက်နိုင်ဖွယ်ရှိ ကြောင်းလည်း    ရိုဆာမန်လူးဝစ်က သတိပေးပြောကြားခဲ့သည်။ 

ကိုးကား- အင်န်အိတ်ချ်ကေ
 ဘာသာပြန်- အောင်ကျော်ကျော်