ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၂ သန်းကျော် ရှိလာ

၃၀ နိုဝင်ဘာ

 

အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ အချက်အလက်အရ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆၂ သန်းကျော်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာတစ်ဝန်းတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် ၆၂၅၁၅၁၁၁ ဦး ရှိသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၄၅၆၆၂၁ ဦး အထိ ရှိလာသည်။

 

အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၂၉၁၁၂၆ ဦး ရှိပြီး ကူးစက်ခံရမှုအမြင့်မားဆုံးဖြစ်ပွားသော နိုင်ငံဖြစ်သည်။

 

အိန္ဒိယနိုင်ငံတွင် ၉၃၉၂၉၁၉ ဦး၊ ဘရာဇီးတွင် ၆၂၉၀၂၇၂ ဦး၊ ပြင်သစ်တွင် ၂၂၆၀၇၈၉ ဦး နှင့် ရုရှားနိုင်ငံတွင် ၂၂၄၉၈၉၀ ဦးတို့ ရောဂါကူးစက်ခံရသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၆၆၃၅၇ ဦး ရှိပြီး သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်သည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ဘရာဇီးနိုင်ငံတွင် ၁၇၂၅၆၁ ဦး၊ အိန္ဒိယတွင် ၁၃၆၆၉၆ ဦး၊ မက္ကဆီကိုတွင် ၁၀၅၄၅၉ ဦးနှင့် ဗြိတိန်နိုင်ငံတွင် ၅၈၃၄၂ ဦး သေဆုံးခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို