ကမ္ဘောဒီးယား အဆောက်အဦ ပြိုကျမှုကြောင့် သေဆုံးသူ ၃၆ ဦးရှိ

၆ ဇန်နဝါရီ

 

ကမ္ဘောဒီးယားနိုင်ငံ တောင်ဘက် တွင် ခုနစ်လွှာရှိသော ဆောက်လုပ်ဆဲ အဆောက်အဦတစ်လုံး ပြိုကျမှုကြောင့် ၃၆ ဦး သေဆုံးခဲ့သည်ဟု ကမ္ဘောဒီးယား တာဝန်ရှိသူများက ဆိုသည်။

 

ကမ်းခြေပြည်နယ် ကက်ပ်တွင် ပြီးခဲ့သည့်သောကြာနေ့က ဆောက်လုပ်ဆဲအဆောက်အဦ ပြိုကျခဲ့ပြီးနောက် ထိုအဆောက်အဦ အကျိုးအပဲ့များအောက်တွင် ပိတ်မိနေသော အလုပ်သမားများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

 

အဆိုပါ အဆောက်အဦ ပြိုကျချိန်တွင် ယင်းအဆောက်အဦထဲ၌ အလုပ်သမား ၃၀ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များ ရှိနေသည်ဟု ဒေသန္တရ မီဒီယာ က ဆိုသည်။

 

အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းကြောင်း ယမန်နေ့မနက်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

လူပေါင်း ၅၉ ဦးကို ယင်းအဆောက်အဦ အကျိုးအပဲ့များအောက်မှ ဆွဲထုတ်ခဲ့ကာ ၃၆ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

၎င်းအဆောက်အဦ ပိုင်ရှင်နှင့်အခြားသူများကို ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးကာ ထိုဆောက်လုပ်ရေးလုပ်ငန်း တရားဝင်ဆောက်လုပ်ခြင်း ဟုတ်၊ မဟုတ် ကို စစ်ဆေးနေဆဲဖြစ်သည်ဟု ဒေသန္တရ မီဒီယာက ဖော်ပြထားသည်။

 

ကမ္ဘောဒီးယားနိုင်ငံ၏ မကြာသေးမီက စီးပွားရေးတိုးတက်လာမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ထွန်းကားလာခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းများ၏ သတိလစ်ဟင်းမှုရလဒ်အဖြစ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလာခဲ့သည်။

 

ပြီးခဲ့သည့် ဇွန်လက တောင်ပိုင်းအပန်းဖြေစခန်း စီဟာနော့ခ်ဗီလီတွင် ဆောက်လုပ်ဆဲ အဆောက်အဦတစ်လုံးပြိုကျခဲ့ရာ လူပေါင်း  ၂၈ ဦး သေဆုံးသွားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို