ဖနောင်ပင် အောက်တိုဘာ ၁၀
ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသအနှံ့အပြားတွင် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံး လေးဦးသေဆုံးခဲ့ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုမှတစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် ရုတ်တရက်ရေကြီးမှုကြောင့် ရေကြီးမှုဒဏ်ခံခဲ့ရသော မိသားစုဝင်များအား ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးရမှုသည်လည်း မြင့်တက်လာနိုင် ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြည်သူအား ပြောကြားသည့် သတင်းစကားတစ်ရပ်တွင် ပြောကြားသည်။
ရေကြီးမှုကြောင့် ဆန်စပါး ဟက်တာ ၁၅၁၄၁၂ ဟက်တာနှင့် အခြားသော ကောက်ပဲသီးနှံဟက်တာ ၄၁၀၂၄ ဟက်တာ နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ဆက်လက်ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ဆန်စပါးနှင့် အခြားသောကောက်ပဲသီးနှံများ ပျက်စီး မှုကို အကဲဖြတ်ရေး ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး ပွန်မိုနီရော့သ်က စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနအား ထပ်မံညွှန်ကြားရန်နှင့် ရေကျချိန်တွင် ပြန်လည်စိုက်ပျိုးရန်အတွက် လယ်သမားများအား ဖြန့်ဖြူးပေးနိုင်မည့် မျိုးစေ့များပြင်ဆင်ထားရေး အကြံပေးရန် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် နှစ်စဉ်ဩဂုတ်လနှင့် အောက်တိုဘာလအကြား ပုံမှန်ရေကြီးမှုဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့်နှစ်က ရုတ်တရက်ရေကြီးမှုကြောင့် ၁၁ ဦးသေဆုံးခဲ့ကာ လူပေါင်း ၁၇၂၂၉၇ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်