ကမ္ဘောဒီးယားနိုင်ငံ၏ ခြောက်ခုမြောက်ကုန်သွယ်ရေးစင်တာကို တရုတ်နိုင်ငံတွင် ဒီဇင်ဘာလနှောင်းပိုင်း ဖွင့်လှစ်မည်

၁၈ ဒီဇင်ဘာ

 

ကမ္ဘောဒီးယားနိုင်ငံသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့တွင် နှစ်နိုင်ငံဆက်ဆံရေး ထပ်မံတိုးမြှင့် လုပ်ဆောင်ရန် ခြောက်ခုမြောက်ကုန်သွယ်ရေး စင်တာကို တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်နေ့ ၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပန် ဆိုရာဆတ်ခ် က ယနေ့ ပြောကြားခဲ့သည်။

 

အဆိုပါ ကုန်သွယ်ရေးစင်တာအသစ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် တည်ရှိပြီး ထိုစင်တာဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် Yim Chhay Ly တက်ရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

 

ထိုစင်တာတွင် ကမ္ဘောဒီးယားထုတ်ကုန်များနှင့်  ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ ခရီးသွားနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းမှတ်ရာများ ပြသမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နှစ်ပတ်လည် ညီလာခံ မိန့်ခွန်းပြောကြားရာတွင် ပန် ဆိုရာဆတ်ခ် က ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံတွင် ယခုလက်ရှိ ကမ္ဘောဒီးယားကုန်သွယ်ရေး စင်တာ ငါးခုရှိသည်။ ၎င်းတို့မှာ ဂွမ်ဒေါင်းပြည်နယ်တောင်ပိုင်း ကွမ်ကျိုး၊ Shaanxi ပြည်နယ် အနောက်မြောက်ပိုင်း Xi'an၊ Zhejiang ပြည်နယ် အရှေ့ပိုင်း Haining၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နှင့် Shandong ပြည်နယ် အရှေ့ပိုင်း Yantai တို့တွင် တည်ရှိကြသည်။

 

ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Seang Thay က တရုတ်နိုင်ငံကို ၎င်းတို့ထုတ်ကုန်များအတွက် ကြီးမားသော ဈေးကွက်ကြီးတစ်ခုအဖြစ် ရှုမြင်ပါကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ကုန်သွယ်မှုအတွက် ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀ ဘီလံယံ အထိ ရောက်ရှိရန် အစီအစဉ်ရေးဆွဲထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို