ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ် ပထမကိုးလတာကာလအတွင်း နိုင်ငံတကာဈေးကွက်သို့ ဆန်တန်ချိန် ၄၄၉၃၂၅ တန် တင်ပို့နိုင်ခဲ့

 

ဖနောင်ပင်  အောက်တိုဘာ  ၁၁

 

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ် ပထမကိုးလတာကာလအတွင်း နိုင်ငံတကာဈေးကွက်သို့ ဆန်တန်ချိန် ၄၄၉၃၂၅ တန် တင်ပို့နိုင်ခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သည့်ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။

 

အရှေ့တောင်အာရှနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ဆန်စပါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၇ သန်းနီးပါး ဝင်ငွေရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောကြားသည်။

 

တရုတ်နိုင်ငံသည် ဆန်တန်ချိန် ၁၉၈၁၀၇ တန် ဝယ်ယူခဲ့ခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်အများဆုံး ဝယ်ယူသည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်းနှင့် အဆိုပါ ဆန်တန်ချိန်သည် ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခဲ့သည့် ဆန်တန်ချိန်စုစုပေါင်း၏ ၄၄ ဒသမ ၀၉ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန် စပါးအသင်းချုပ်က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်