ကမ္ဘောဒီးယားနိုင်ငံက လာအိုနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်း

ဖနောင်ပင် မတ် ၁၃

ကမ္ဘောဒီးယားနိုင်ငံက အိမ်နီးချင်း လာအိုနိုင်ငံအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများနှင့် အခြားသော ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

အဆိုပါ ကာကွယ်ဆေးများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများကို ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး အော်ဗန်ဒိုင်ကလာအိုကျန်းမာရေးဝန်ကြီး ဘွန်ဖန်ဖူမာ လေဆစ်အား ထရာပင်းကီရယ် နယ်စပ်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများကို အသုံးပြုရန် ရည်ရွယ်ပြီး ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး အော်ဗန်ဒိုင်က ဆိုသည်။ ထို့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်အထိ ကမ္ဘောဒီးယားနိုင်ငံက လာအိုနိုင်ငံသို့ ထောက်ပံ့ပေးပြီးသည့် ကာကွယ်ဆေးအလုံးရေ ခုနစ်သိန်းခန့်ရှိ ပြီး နှာခေါင်းစည်း နှစ်သန်းနှင့် အခြားဆေးဘက်ဆိုင်ရာပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အောင်ကျော်ကျော်