ဖနောင်ပင် မတ် ၅
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမနှစ်လအတွင်း ဆန်တန်ချိန် ၂၄၇၈၂၂တန်ကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ကြောင်းနှင့် ယင်းပမာဏသည် ယမန်နှစ်အလားတူကာလကထက် ၈၃ ရာခိုင်နှုန်းတိုးတက်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးလုပ်ငန်းအဖွဲ့ချုပ်၏ မတ် ၅ ရက်တွင် ထုတ်ပြန်သည့် မှတ်တမ်းအရ သိရသည်။
ယခုနှစ် ပထမနှစ်လအတွင်း ဆန်စပါးပြည်ပတင်ပို့ခြင်းမှ အမြတ်ငွေ ကန်ဒေါ်လာ ၁၄၂ ဒသမ ၈ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် ယမန်နှစ် အလားတူကာလကထက် ၃၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။ နိုင်ငံအတွင်းရှိ ကုမ္ပဏီ ၅၅ ခုသည် ယခုနှစ်အတွင်း နိုင်ငံနှင့် ဒေသပေါင်း ၅၁ ခုသို့ ဆန်စပါးတင်ပို့ရောင်းခဲ့ပြီး တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်စပါးများကို အဓိကဝယ်ယူသူအဖြစ် ရပ်တည်နေကြောင်း သိရသည်။ ပြည်ပသိုတင်ပို့သည့်ဆန်များတွင် ၅၉ ရာခိုင်နှုန်းသည် ဆန်မွှေးများဖြစ်ကာ ၂၇ ဒသမ ၇ ရာခိုင်နှုန်းမှာ ဆန်ကွဲများဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် -စိုးသူရ


