ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံလုပ် စစ်လက်နက် အမြောက်အများ ဝယ်ယူ

၂၉ ဇူလိုင် 


ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆမ်က တရုတ်နိုင်ငံကနေ စစ်လက်နက်အရေအတွက် သောင်းချီပြီး ဝယ်ယူပြီးကြောင်း ဒီကနေ့ ပြောကြားပါတယ်။ အခုလို စစ်လက်နက်ဝယ်ခြင်းကို အသေးစိတ် ပြောကြားထား ပေမယ့်  ကမ်ဘောဒီးယား ရေတပ်ကို တရုတ်နိုင်ငံ စစ်သင်္ဘောများအား လျှို့ဝှက်အသုံးပြုခွင့်ပေးထားခြင်း ကိုတော့ ငြင်းဆန်ထားပါတယ်။ 


ကမ္ဘောဒီးယားနိုင်ငံ ရှင်ဟန်နော့ဗီးမှာ တရုတ်စစ်သင်္ဘောများ ကျောက်ချထားသလို လက်နက်များ သိုလှောင်ထားခြင်းကို The Wall Street ဂျာနယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရေးသားထားပါတယ်။ 

 

1


ဟွန်ဆမ်က ထပ်လောင်းစစ်လက်နက်တွေ ဝယ်ယူရန် သူက အမိန့်ပေးထားကြောင်း ဟွန်ဆမ်က ဒီနှစ်အတွင်းမှာ စစ်လက်နက်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုး ဝယ်ယူပြီးဖြစ်ပေမယ့် စစ်လက်နက်ဝယ်ယူရန် ထပ်တိုးရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉၀ သန်းဖိုးကို တရုတ်နိုင်ငံက ဝယ်ယူမယ်လို့ ပြောကြားလိုက်ပါတယ်။ 


ပြီးခဲ့တဲ့ သောကြာနေ့က စစ်လက်နက်များရှိ အခြေစိုက်စခန်းကို သတင်းထောက်တွေအား မျှော်လင့်မထားတဲ့ ခရီးစဉ်အဖြစ် ခေါ်ဆောင်ရှင်းလင်းပြသခဲ့ကြောင်း သိရပါတယ်။ စစ်လက်နက်ပစ္စည်းများ သိုလှောင်ထားရာ နေရာမှာ သတင်းထောက်များ အတွက် တံခါးဖွင့်ပေးခြင်းဟာ ဖြစ်ထောင့်ဖြစ်ခဲ ဖြစ်တဲ့အခြေအနေပါဖြစ်ပါတယ်။

 

2

 
ဖနွမ်းပင်ရှိ အမေရိကန်သံရုံးက နိုင်ငံခြားစစ်သံရုံးတွေကိုလည်း အဲဒီဒေသကို သွားရောက်လည်ပတ်နိုင်ဖို့ အစီစဉ်ရှိမရှိကို မေးမြန်းထားပါတယ်။ 


ရှင်ဟန်နော့ဗီးမှာ တရုတ်ပိုင် ကက်ဆီနိုကစားရုံများ နဲ့ တရုတ်ပိုင်ဆိုင်ထားတဲ့ တခြားလုပ်ငန်းများစွာ ရှိနေပါတယ်။ 


MDN


ကိုးကား - AFP

 

3