ဖနောင်ပင် ဇန်နဝါရီ ၂၂
ကမ္ဘောဒီးယားနိုင်ငံမှ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၀၉ ဒသမ ၃ သန်းတန်ဖိုးရှိ စက်ဘီးများကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအရေအတွက်မှာ ၂၀၂၄ ခုနှစ်ကတင်ပို့ သည့် ဒေါ်လာ ၄၂၆ ဒသမ ၉ သန်းက ၄၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်း နိုင်ငံ၏ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဝတ်အထည်၊ ရှူးဖိနပ်၊ ခရီးသွားကုန်ပစ္စည်းနှင့် ကားတာယာများအပြင် စက်ဘီးများကို ပြည်ပ ဈေးကွက်သို့တင်ပို့ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကထုတ်ကုန်တစ်ခုဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ပန်ဆိုဗီချိက ဆင်ဟွာသို့ ပြောကြား သည်။
အဆိုပါစက်ဘီးများကို ဥရောပသမဂ္ဂ(အီးယူ)၊ ယူကေ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့သို့ အဓိက တင်ပို့ရောင်းချခဲ့ကြောင်း ၎င်းက ပြောကြားသည်။
စက်ဘီးများသည် ပတ်ဝန်းကျင်အတွက် သန့်ရှင်းပြီး စိမ်းလန်းစိုပြည်စေကြောင်း ကမ္ဘောဒီးယားနည်းပညာနှင့်သိပ္ပံတက္ကသိုလ်၏ တရုတ်-အာဆီယံလေ့လာရေးစင်တာမှ ဒုတိယညွှန်ကြားရေးမှူး သွန်မန်ဒေးဗစ်က ပြောကြားသည်။
ဆင်ဟွာ


