ဇန်နဝါရီ ၉
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၁၅၀၉ ဦးရှိရာ ၂၀၂၃ ခုနှစ်က သေဆုံးသူဦးရေ ၁၅၉၀ ရှိရာမှ သေဆုံးမှု ၅ ရာခိုင်နှုန်းလျော့ကျလာကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင်ပြောကြားသည်။
အဆိုပါယာဉ်မတော်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၃၇၂၀ ရှိရာ ၂၀၂၃ ခုနှစ်က ထိုခိုက်ဒဏ်ရာရရှိသူ ၄၅၁၅ ဦးမှ ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျလာသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင်ရှိသူက ဆိုသည်။
၂၀၂၄ ခုနှစ်က ယာဉ်မတော်တဆဖြစ်ပွားမှု ၂၈၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ ၂၀၂၃ ခုနှစ်က ၃၃၁၇ ကြိမ် ယာဉ်မတော်တဆဖြစ်ပွားမှုမှ ၁၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။
ယာဉ်မတော်တဆများဖြစ်ပွားရသည့်အဓိကအကြောင်းအရင်းများတွင် အရှိန်လွန်မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုမရှိခြင်း၊ ယာဉ်မဆင်မခြင်မောင်းနှင်ခြင်း၊ အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ အိပ်ငိုက်၍မောင်းနှင်ခြင်း၊ အခြားသောအကြောင်းအရာများပါဝင်သည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို