ကမ္ဘောဒီးယားနိုင်ငံ၌ အသက်သုံးနှစ်နှင့် လေးနှစ်အရွယ်ကလေးငယ်များအား ဆီနိုဗက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုစတင်

ဖေဖော်ဝါရီ ၂၃

 

ကမ္ဘောဒီးယားနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်နေ့စဉ်ကူးစက်မှု မြင့်မားလာချိန်တွင် အသက် သုံးနှစ်နှင့်လေးနှစ်အရွယ်ကလေးငယ်များအား တရုတ်နိုင်ငံကထုတ်လုပ်သော ဆီနိုဗက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ယနေ့တွင် စတင်လုပ်ဆောင်ခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုအသက်အရွယ်ရှိကလေးဦးရေ ၇၀၀၀၀၀ ခန့်ကို  ဖနွမ်ပင်မြို့တော်တွင် ကိုဗစ်ကာကွယ်ဆေး ပထမဦးဆုံးအကြိမ်ထိုးနှံပေးခြင်းဖြစ်သည်။

 

ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးနှင့်ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒီးက ကလေးတစ်ဦးချင်းစီကို ဆီနိုဗက်ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေးပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ်ထိုးနှံပေးမည်ဟု ဆိုသည်။

 

နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားနေသဖြင့် ဆက်လက်ပြီးဂရုစိုက်ကြရန် ပြည်သူများအား ၎င်းက တိုက်တွန်းပြောကြားထားသည်။

 

တရုတ်နိုင်ငံထုတ် ဆီနိုဗက်နှင့် ဆီနိုဖမ်ကိုဗစ်ကာကွယ်ဆေးများသည် နိုင်ငံအတွင်းကာကွယ်ဆေးထိုးနှံမှုများတွင် အသုံးအများဆုံးကာကွယ်ဆေးများဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၃ ဒသမ ၈၂ သန်းရှိပြီး တတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၆ ဒသမ ၄၇ သန်းနှင့် စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၅ ဒသမ ၃ ရာခိုင်နှုန်းရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၂၈၁၃၃ ဦး ရှိပြီး ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၀၂၃ ဦး ရှိကြောင်းနှင့် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၂၁၅၅၃ ဦးရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို