ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် JN.1 ရောဂါကူးစက်ခံရသူ လေးဦး ပထမဆုံးတွေ့ရှိ

ဒီဇင်ဘာ ၂၉

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် JN.1 ရောဂါကူးစက်ခံရသူ လေးဦး ပထမဆုံးတွေ့ရှိကြောင်း ပီရူးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါမျိုးစိတ်သစ် JN.1 ရောဂါသည် BA.2.86 မှဆင်းသက်လာသည့် ရောဂါအမျိုးအစားဖြစ်သည်ဟု သိရသည်။  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် JN.1 ရောဂါကူးစက်ခံရသူလေးဦးကို ဒီဇင်ဘာ ၂၈ ရက်က ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားကျန်းမာရေးအင်စတီကျု့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် JN.1 ရောဂါကူးစက်ခံရသူအားလုံး ကုသမှုခံယူခဲ့ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသော်လည်း ၎င်းတို့၏နေအိမ်များတွင် သီးသန့်ခွဲနေထိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် JN.1 ရောဂါကို စိုးရိမ်ဖွယ်ရာမရှိသောမျိုးစိတ်အမျိုးအစားအဖြစ်သတ်မှတ်ထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောကြားသည်။

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် JN.1 ရောဂါကို စက်တင်ဘာလက ပထမဆုံးစစ်ဆေးတွေ့ရှိခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က JN.1 ဗီဇပြောင်းဗိုင်းရပ်ကို မိခင်မျိုးရိုး BA.2.86၏ မျိုးကွဲတစ်ခုအဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ထားသည်။ JN.1 ဗီဇပြောင်းဗိုင်းရပ်သည် အန္တရာယ်နည်းပါးသည်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယူဆထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို