ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်းထိုးနှံမှု စတင်

ဖနောင်ပင်   ဇွန်  ၁၀ 

ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး တတိယအကြိမ်   ထပ်ဆောင်း ထိုးနှံမှုအစီအစဉ်ကို ယနေ့စတင်ခဲ့ ကြောင်း   ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး အော်ဗန်ဒိုင် က ပြောကြားခဲ့သည်။ 

အဆိုပါ   ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံမှု  အစီအစဉ်တွင်  အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် အမတ်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ သက်ကြီး ရွယ်အိုများ၊ သံရုံးဝန်ထမ်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၊ သတင်းထောက် များနှင့် အနုပညာရှင်များကို ဦးစားပေးထိုးနှံပေးလျက်ရှိသည်။ 

ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်စေရေး အတွက် ထိရောက်သည့်လက်နက် တစ်ခုဖြစ်ကြောင်း    ဝန်ကြီး အော်ဗန်ဒိုင်က ဖနောင်ပင်မြို့ရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာ တစ်ခု၌ သတင်းထောက်များအား ပြောကြားသည်။ 

ကာကွယ်ဆေး   အပိုထပ် ဆောင်းထိုးနှံမှု  ခံယူခြင်းသည် ကိုယ်ခံစွမ်းအားကို ပိုမိုမြင့်တက် စေသည့်အတွက် ကာကွယ်ဆေးအပိုထပ်ဆောင်းထိုးနှံမှုကို ခံယူ သင့်ကြောင်း  ပြည်သူများအား ၎င်းက    တိုက်တွန်းပြောကြား သည်။ 

ဒုတိယအကြိမ်နှင့်   ယခု တတိယအကြိမ် ကာကွယ်ဆေး ထပ်ဆောင်း   ထိုးနှံသည့်အချိန် ကြားကာလသည် အနည်းဆုံး သုံးလခန့်ခြားကာ   ထိုးနှံသင့် ကြောင်း ၎င်းကဆက်လက်ပြော သည်။ 

 လက်ရှိအချိန်အထိ ကာကွယ် ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ ၁၅ သန်းကျော် (လူဦးရေ၏ ၉၄ ရာခိုင်နှုန်း) ရှိပြီး ၁၄ ဒသမ ၃ သန်း (၈၉ ဒသမ ၄ ရာခိုင်နှုန်း)သည် ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်ကြောင်း   သိရ သည်။

ထို့ပြင် ၉ ဒသမ ၂၈ သန်း ( ၅၈ ရာခိုင်နှုန်း) သည် ပထမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ မှုခံယူပြီးဖြစ်ပြီး ၁၆ ရာခိုင်နှုန်း သည် ဒုတိယအကြိမ် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးဖြစ် သည်။ 
နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွင် တရုတ်နိုင်ငံထုတ် Sinovac နှင့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကိုသာ အသုံးပြုခဲ့ကြောင်း သိရ သည်။  

ကိုးကား- ဆင်ဟွာ ဘာသာပြန်- အောင်ကျော်ကျော်