ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့  ယခုနှစ် ပထမငါးလအတွင်း နိုင်ငံတကာခရီးသွား ၄၅၇၇၉ ဦး လာရောက်ခဲ့

ဖနောင်ပင်   ဇွန်   ၈

ကမ္ဘောဒီးယားနိုင်ငံရှိ  အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခု နှစ်  ပထမငါးလအတွင်း   နိုင်ငံတကာ ခရီးသွား ၄၅၇၇၉ ဦး လာရောက်ခဲ့ကြောင်း၊ ၎င်းအရေအတွက်သည်      ယမန်နှစ် အလားတူကာလကထက် ၈၅၉ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာသည်ကို    တွေ့ရှိရ ကြောင်း  ဇွန် ၇ ရက်တွင်   တာဝန်ရှိသူ များ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ယခုနှစ် ဇန်နဝါရီလမှ    မေလအတွင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဝင်ခွင့်လက်မှတ်ရောင်းချရငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၅ သန်းရရှိခဲ့ကြောင်း အန်ကောဝပ်   ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ     ထိန်းသိမ်းရေးလုပ်ငန်းမှ ထုတ်ပြန်ချက်အရ သိရသည်။ 

နိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ယိ ပြည်နယ်တွင်တည်ရှိပြီး ၄၀၁ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှု     နယ်မြေအား ၁၉၉၂ ခုနှစ်တွင်  ကမ္ဘာ့အမွေအနှစ် နေရာ အဖြစ် ယူနက်စကိုအဖွဲ့က သတ်မှတ်ခဲ့ပြီး နိုင်ငံ၏  ကမ္ဘာလှည့်ခရီးသည်များ  အများ ဆုံးလာရောက်လည်ပတ်သည့်နေရာဖြစ် သည်။  လက်ရှိအချိန်တွင်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကျဆင်းလာသည့် အတွက်    လာမည့်လများအတွင်း     အဆိုပါ  ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့  ခရီးသည်အများအပြား    လာရောက် လည်ပတ်မည်ဟု     မျှော်လင့်ကြောင်း တာဝန်ရှိသူ  လောင်ကိုဆိုင်က ပြောကြား သည်။   နိုင်ငံအတွင်း    ကိုဗစ်-၁၉ ကပ်ရောဂါ စတင်မဖြစ်ပွားမီ  ၂၀၁၉  ခုနှစ် က အန်ကောဝပ်ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ကမ္ဘာလှည့်ခရီးသွား ၂ ဒသမ ၂ သန်း လာရောက်လည်ပတ်ခဲ့ပြီး  ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၉ သန်းရရှိခဲ့သည်။ 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ