ကမ္ဘောဒီးယားနိုင်ငံသို့ ယခုနှစ်ပထမရှစ်လအတွင်း နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၅ သန်းဝင်ရောက်

 

စက်တင်ဘာ ၂၇

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမရှစ်လအတွင်း နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၅ သန်း ဝင်ရောက်ခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ယနေ့တွင် ပြောကြားသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေးဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ် ယနေ့တွင်ကျရောက်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့တွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ ကိန်းဂဏန်းများထုတ်ပြန်ဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်က နိုင်ငံခြားသားခရီးသွား ၂ ဒသမ ၂၇ သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွား ၅ သန်းနီးပါး ဝင်ရောက်မည်ဟု မျှော်မှန်ထားသည်ဟု ၎င်းကပြောသည်။

ခရီးသွားဝန်ကြီးဌာန၏ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွား ၇ သန်းဝင်ရောက်မည်ဟု မျှော်မှန်းထားသည်ဟု သိရသည်။

၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မဖြစ်ပွားမီကာလက နိုင်ငံခြားသားခရီးသွား ၆ ဒသမ ၆ သန်းဝင်ရောက်ခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို