ကမ္ဘောဒီးယားနိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်သူတစ်ဦး ပထမဆုံးတွေ့ရှိ

ဖနောင်ပင် ဒီဇင်ဘာ ၁၆ 

ကမ္ဘောဒီးယားနိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်သူတစ်ဦး ပထမဆုံး  စမ်းသပ်တွေ့ရှိခဲ့သည်။ ၎င်းသည် အာဖရိက အနောက်ပိုင်း ဂါနာမှ ခရီးသွားတစ်ဦးဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက် ည ထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။

အသက် ၂၃ နှစ်ရှိ ကမ္ဘောဒီးယား အမျိုးသမီးတစ်ဦးသည် အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ခံထားရကြောင်း ဒီဇင်ဘာ ( ၁၄ ရက်တွင် ပက်စတာအင်စတီကျူက  အတည်ပြုဖော်ပြခဲ့သည်။

ကိုယ်ဝန် ၁၅ ပတ်ရှိ အဆိုပါ ကမ္ဘောဒီးယားအမျိုးသမီးသည် ဂါနာ နိုင်ငံမှ တနင်္ဂနွေနေ့က ပြန်လည်ရောက်ရှိ ခဲ့သည်။

ဖနောင်ပင်လေဆိပ်သို့ ရောက်ရှိ လာသော အဆိုပါ အမျိုးသမီးကို ကိုဗစ် ၁၉ စမ်းသပ်စစ်ဆေးခဲ့ရာ အိုမီခရွန် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသမီးကို ယခုအခါ ဖနောင်ပင်ရှိ ကိုဗစ် - ၁၉ ကုသရေး စင်တာတွင် ဆေးကုသမှုခံယူစေလျက်ရှိသည်။

တောင်အာဖရိကသည် နိုဝင်ဘာ ၁၄ ရက်က အိုမီခရွန်ဗိုင်းရပ်စ်သစ် ပထမဆုံးတွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသို့ ပထမဆုံး သတင်းပေးပို့ဖော်ပြခဲ့သည်။ 

ဆင်ဟွာ