ကမ္ဘောဒီးယားနိုင်ငံတွင် ကပ်ရောဂါထိန်းချုပ်ပြီးနောက် အထက်တန်းစာမေးပွဲများ ကျင်းပ

ဖနောင်ပင် ဒီဇင်ဘာ ၂၈

 

အထက်တန်းပညာရေး ပြီးဆုံးသည့် စာမေးပွဲကို ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပရာ ကျောင်းသားကျောင်းသူပေါင်း ၁၁၄၁၈၃ ဦး ပါဝင်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကူးစက်မှုများ ကို ထိန်းချုပ်မှုအောက် ထားရှိပြီးနောက် ဒီဇင်ဘာ ၂၆ ရက် တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စာမေးပွဲဖြေဆိုသူများနှင့် စာမေးပွဲစစ်ဆေးသူများသည် တင်းကျပ်သည့် ကိုဗစ် -၁၉ စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး ပါးစပ်၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်းနှင့် အပူချိန် တိုင်းတာမှုများကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။

 

ကိုဗစ် -၁၉ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်သည့်အနေဖြင့် လူအချင်းချင်း ခပ်ခွာခွာနေသည့် စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်သည်။ ကာဇတ်စတန်မှ တိုင်းပြည်အတွင်းသို့ ပြန်လာသည့် ကျောင်းသားနှစ်ဦးတွင်လည်း ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

ပြီးခဲ့သည့် နှစ်အတွင်းကလည်း ကပ်ရောဂါကြောင့် အစိုးရသည် ဂရိတ် ၁၂ ကျောင်းသားများကို စာမေးပွဲဖြေဆိုခြင်းမရှိဘဲ အောင်မြင်ခွင့်ပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ယခုအချိန်ထိ ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသူ ၁၄ ဒသမ ၂၄ သန်းရှိပြီး နှစ်ကြိမ် ကာကွယ်ဆေး ထိုးပြီးသူ ၁၃ ဒသမ ၆၂ သန်းရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဆင်ဟွာ