ကမ္ဘောဒီးယားနယ်စပ်မှာ မှောင်ခိုတင်သွင်းလာတဲ့ ရိုင်ဖယ်သေနတ်တွေ သိမ်းဆည်းရမိ

ဖနွမ်ပင် ၁၂  ဧပြီ

တရားမဝင် လက်နက်တွေသယ်ဆောင်လာတဲ့ စစ်ဘက်ဆိုင်ရာ အမှတ်အသားပါရှိ ပစ်ကပ် ထရပ်ကား တစ်စီးကို အင်္ဂါနေ့ညပိုင်းက ကမ္ဘောဒီးယားနယ်စပ်အရှေ့ပိုင်းပြည်နယ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ တွေ့ရှိခဲ့တယ်လို့  သိရပါတယ်။

ယင်းတွေ့ရှိမှုနှင့် ပတ်သက်ပြီး သံသယဖြစ်ဖွယ် တပ်သားတစ်ဦးပါဝင်မှုရှိ၊မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့က မေရုဒ် ရဲစခန်းမှ စစ်ဆေးရေးမှူး ရဲမှူးကြီး ဆင်းနာရီး နဲ့ တပ်ရင်းအမှတ် (၅၃၂ ) မှ ရေတပ်ညွှန်ကြားရေးမှူး ကပ္ပတိန် ကာဆင်း ရော့ဒ်ဂျင်းတို့ ဦးဆောင်တဲ့ အဖွဲ့ဟာ တရတ်ခရိုင်အတွင်း အဝင်အထွက် ယာဉ်တွေကို ပတ္တရောင်လှည့်ပြီး စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ပတ္တရောင်လှည့်စဉ်မှာ ဘန်ကောက်လိုင်စင်နဲ့ ထူးဆန်းတဲ့ တံခါးလေးဘက်ပါ တိုယိုတာ ပစ်ကပ် ထရပ်တစ်စီးကို ည ၁၀ နာရီခန့်မှာ တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောကြားပါတယ်။

အသက် ၅၃ နှစ်အရွယ် ချာယွတ် ပရာဆတ်ထရစ် မောင်းတဲ့ယာဉ်မှာ အမှတ် (၄) Calvary တပ်ရင်း တံဆိပ်တပ်ထားတဲ့အတွက် သူ့အပေါ် သံသယရှိနေကြတာပါ။

ဆာရာဘူရီ ပြည်နယ် မောက်လက်ခ် ခရိုင်မှ မစ္စတာ ပရာဆတ်ထရစ်ရဲ့ ထရပ်ကားအောက်ခြေဖွင့်ပြဖို့ ပြောဆိုပြီးတဲ့အခါ စစ်ဘက်သုံးအဆင့်မြင့် လက်နက်တွေကို တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိတဲ့ လက်နက်တွေဟာ တာဗို ချေမှုန်းရေး ရိုင်ဖယ်နှစ်လက်၊ M-16 ရိုင်ဖယ် လေးလက်၊ M-16 ချေမှုန်းရေးရိုင်ဖယ် သေနတ်ပြောင်းရင်းပါ အစိတ်အပိုင်း ၂၀၊ M16 ချေမှုန်းရေးရိုင်ဖယ် နောက်ပွိုင့်ပါ အစိတ်အပိုင်းလေးခုနဲ့ မီးကျည်သုံးခုတို့ဖြစ်ပါတယ်။

မစ္စတာ ချာယွတ်က သူဟာ ဆာရာဘူရီရှိ ဝယ်သူတစ်ဦးထံကို အိမ်းနီးချင်းနိုင်ငံကနေ လက်နက်တွေ သယ်ဆောင်ပေးပို့ပေးတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။

(MDN)
ကိုးကား-ဘန်ကောက်ပို့စ်