ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မော်လ်ဒိုက်ဗ်သို့ သွားရောက်လည်ပတ်

 

ဖနောင်ပင်၊ ဇန်နဝါရီ   ၁၅

 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တီချို ဟွန်ဆန် သည် ဇန်နဝါရီ ၁၅ ရက်တွင် မော်လ်ဒိုက်ဗ်နိုင်ငံသို့ သုံးရက်ကြာ လည်ပတ်ရန်အတွက် ထွက်ခွာသွားကြောင်း ကမ္ဘောဒီးယား အာဏာပိုင်များက ပြောသည်။

 

ယခုခရီးစဉ်မှာ ၁၉၉၅ ခုနှစ်အတွင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်သည့် အချိန်မှစကာ မော်လ်ဒိုက်ဗ်သို့ သွားရောက်သည့် ဝန်ကြီးချုပ်ဟွန်ဆန်၏ ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်ကြောင်း ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝန်ကြီး ဆာရီ သာမရွန်းက သတင်းထောက်များကို ပြောသည်။

 

မော်လ်ဒိုက်ဗ်ကျွန်းနိုင်ငံ၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မော်ဒိုက်သမ္မတ အီဗရာဟင် မိုဟာမက် ‌ဆိုလိနှင့် နှစ်ဖက်တွေ့ဆုံပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ ရှုထောင့်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ အစည်းအဝေးပြီးနောက် ခေါင်းဆောင် နှစ်ဦးသည် သံတမန်ရေးရာ၊ ကျန်းမာရေးနှင့် ခရီးသွားလာရေး ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စာတမ်းခြောက်ခု လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြောသည်။

 

ဆင်ဟွာ