ကမ္ဘောဒီးယားဝန်ကြီးချုပ်က တရုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအသုတ်ရောက်ရှိလာခြင်းကို ကြိုဆိုလက်ခံ

၈ ဖေဖော်ဝါရီ

 

ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံမှလှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်များ အထူးလေယာဉ်ဖြင့် ယမန်နေ့က ရောက်ရှိခဲ့ကြောင်း၊ ထိုကာကွယ်ဆေးပထမအသုတ်ရောက်ရှိလာခြင်းကို ဝန်ကြီးချုပ် ဆမ်ဒက်ရှ် တီချို ဟွန်ဆန်က မြို့တော်လေဆိပ်တွင် လက်ခံကြိုဆိုခဲ့သည်။

 

တရုတ်နိုင်ငံက Sinopharm ကိုဗစ်ကာကွယ်ဆေးများ ကမ္ဘောဒီးယားနိုင်ငံသို့ ထောက်ပံ့ပေးသည့်အတွက် လေးလေးနက်နက်ကျေးဇူးတင်ရှိကြောင်း ဟွန်ဆန်ကထုတ်ဖော်ပြောကြားခဲ့သည်။

 

ထိုကိုဗစ်ကာကွယ်ဆေးများကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ထိုးနှံမည်ဖြစ်ရာ ဦးစားပေးထိုးနှံမည့်အုပ်စုများတွင် ဆရာဝန်များ၊ သူနာပြုများ၊ တပ်မတော်သားများ၊ ကျောင်းဆရာများနှင့် အငှားယာဉ်မောင်းများ၊ သန့်ရှင်းရေးသမားများ ပါရှိသည်။

 

တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများတွင် ထိုကာကွယ်ဆေးကို ဘေးကင်းလုံခြုံစွာအသုံးပြုနေကြောင်းပြောကြားကာ Sinopharm ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့်ကြာသပတေးနေ့က အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့သည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၇၄ ဦး ရှိပြီး ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူမရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။ ကျန်းမာရေးကောင်းမွန်လာသူ ၄၅၄ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို