ကွမ်းခြံကုန်းမြို့နယ်တွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်

ကွမ်းခြံကုန်း ၃ ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ်ကို ယမန်နေ့နံနက်(၉)နာရီမှစ၍ မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်‌ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို မြို့နယ်ကျန်းမာ‌‌ရေးဝန်ထမ်း သားဖွား ဆရာမများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ပြီး ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ကလေးမိခင်များအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။

 

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုတွင် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်စုစုပေါင်း (၁၅၆) ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်(၃၉)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းစိုး(ရွှေခြံမြေ)