ကမ်းလွန်လုပ်ကွက်အမှတ် M-11 တွင် Exploration Drilling Campaign လုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ပါ၍ ရေကြောင်းသတိပေးချက်ထုတ်ပြန်

နေပြည်တော် ၂၈ မေ


မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော PTTEP International Limited သည် ကမ်းလွန် လုပ်ကွက်အမှတ် M-11 တွင် Exploration Drilling Campaign လုပ်ငန်းများအား Semi-Submersible Drilling Rig, NOBLE CYLDE BOUDREAUX (Call Sign : A8BM6) ဖြင့် Point. PWC-1 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ဝ၀ ဒသမ ၂၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၂ မိနစ် ၃၇ ဒသမ ၈၃ စက္ကန့်တွင် မေ-၃၁ ရက်မှ ဇွန် ၃၀ ရက် အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။


သို့ဖြစ်ပါ၍ မေ-၃၁ ရက်မှ ဇွန် ၃၀ ရက်အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်း  ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများမပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။


(သတင်းစဉ်)