ကမမောင်းမြို့၌ ကိုဗစ် - ၁၉ရောဂါပိုးတွေ့လူနာများ၏ အိမ်များအား ပိုးသတ်ဆေးဖျန်း

ကမမောင်း ဇူလိုင် ၃၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ၂၈ ဦးရှိပြီး ရောဂါလက္ခဏာ ကောင်းမွန်သက်သာလာသဖြင့် ဆေးရုံမှဆင်းခွင့်ရသူ ၁၀ ဦး၊ Covid Positive Isolation Center (ကမမောင်း)၌ အနံ့ပျောက်ပြီး ရောဂါလက္ခဏာမပြင်းထန်သူ ပိုးတွေ့လူနာ ၁၁ ဦး၊ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သီးသန့်ကိုဗစ်ကုသစင်တာ (ကမမောင်း) တွင် ဆေးကုသမှုခံယူနေရသူ လေးဦးရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ကိုဗစ် - ၁၉ရောဂါပိုးတွေ့အတည်ပြု လူနာများအား သီးသန့် ကိုဗစ်စင်တာ၌ ပို့ဆောင်ထားရှိပြီးဖြစ်သော်လည်း ၎င်းတို့၏ မိသားစုဝင်အိမ်များကို ရောဂါပိုးထပ်မံမကူးစက် စေရေးအတွက် ရည်ရွယ်၍ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက ကမမောင်းမြို့၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအဖွဲ့မှ ပိုးသတ်ဆေးဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

လင်းသန့်