ကန့်ဘလူမြို့၌ ရေပြင်အသက်ကယ်ဆယ်ရေးလုပ်ငန်း ဇာတ်တိုက်လေ့ကျင့်

ကန့်ဘလူ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင်းအဖွဲ့များ စုဖွဲ့ထားရှိခြင်း၊ ခေတ်မီ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိပြီးဖြစ်ကာ မေ ၁၁ ရက်က လူတစ်ဦး၏ အသက်ကို ကောင်းစွာကယ်နိုင်သည့် (၅ ဂါလန်ဆံ့ပုံး၊ ရေသန့်ဘူးလွတ်တို့ဖြင့် ရေပြင်အသက်ကယ်လုပ်ငန်းများကို ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကန့်ဘလူမြို့ အမှတ် (၃)ရပ်ကွက်ရှိ တက်နေဝန်း ရေကူးကန်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)