ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး 

ကန့်ဘလူ နိုဝင်ဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် အကြိမ်ပြည့်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ယနေ့နံနက်ပိုင်းတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအနက် ပထမအကြိမ်ထိုးနှံသူ ၂ ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသူ ၁၄ ဦးတို့ကိုထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)