ကန့်ဘလူမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကန့်ဘလူ စက်တင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် အချက်များအား အသိပေးနှိုးဆော်ခြင်းကို စက်တင်ဘာ ၂၃ ရက်က မြို့နယ် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့်အချက်များကို နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက်လိုက်နာဆောင်ရွက်ရန်၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်တို့ကို အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)