ကျန်စိမ့်ကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်းအတွက် မွေးမြူရန် နွားများအား အမှတ်အသားပြုလုပ်ပေး 

စေတုတ္တရာ    ၃၁   မေ    


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျန်စိမ့်ကျေးရွာ မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကျပ်သိန်း (၃၀ဝ) ဖြင့် ဝယ်ဖြန့်ဖြူးပေးထားသော နွားအကောင်ရေ(၆၀)အား အမှတ်အသားပြုလုပ်ပေးခြင်းနှင့် ရောဂါကာကွယ်ကုသခြင်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျန်စိမ့်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။ 


ထိုသို့ဆောင်ရွက်ရာတွင် စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဖိုးကျော်မင်း ဦးဆောင်၍ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်နှင့် ဝန်ထမ်းများသည်  နွားမွေးမြူရန်အဆိုပြုထားသူ (၆၀)ဦးအား နွားမွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အမှတ်အသားပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စည်သူလွင်(ပြန်/ဆက်)