ကနေဒါနိုင်ငံမှာ သီတင်းနှစ်ပတ်အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၀၀,၀၀ နီးပါးရှိခဲ့

အော့တဝါ ၊  ၅ ဒီဇင်ဘာ

 

ကနေဒါနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဒုတိယလှိုင်းဟာ သီတင်းနှစ်ပတ်အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၀၀,၀၀ နီးပါးရှိခဲ့ကြောင်း သောကြာနေ့က CBC သတင်းဌာနက ကြေညာခဲ့ပါတယ်။

 

လူဦးရေ ၃၈ သန်းနေထိုင်တဲ့ ကနေဒါနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၄၀၀,၀၃၁ ဦး နဲ့ သေဆုံးသူ ၁၂,၄၇၀ ဦးရှိကြောင်း သိရပါတယ်။

 

ရောဂါပိုးတွေ့ရှိသူ ပမာဏ ၃၀၀,၀၀ ကနေ ၄၀၀,၀၀၀ သို့ ရက်ပေါင်း ၁၈ ရက်သာကြာခဲ့တဲ့အတွက် ပိုးကူးစက်မှု ဒုတိယလှိုင်းဟာ ဒေသအများစုမှာ တွေ့လာရှိပြီပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူစက်မှု လျော့ချရန်အတွက် ကွီးဘက်ခ်ဒေသမှာ ခရစ်စမတ် ပွဲလမ်းသဘင်ကျင်းပရန် စီစဉ်ထားမှုကို ဖျက်သိမ်းပြီး လူစုလူဝေးမှုကိုလည်း ကန့်သတ်လိုက်ကြောင်း သိရပါတယ်။ အယ်လ်ဘတ်တာ ဒေသမှာ ယာယီဆေးရုံဆောက်ပြီး ရောဂါပိုးကူးစက်ခံရသူတွေအား ကုသပေးရန် လုပ်ဆောင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ပထမလှိုင်းအတွင်းမှာ ပိုးတွေ့ရှိသူ ၁၀၀,၀၀၀ ဖြစ်လာရေးမှာ ၃ လကြာတာနဲ့ နှိုင်းယှဉ်ထားပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာ ပိုးတွေ့ရှိသူဟာ နှစ်ဆဖြစ်လာပြီး ပိုးတွေ့ရှိသူ နေ့စဉ် ၆,၀၀၀ ခန့်ရှိ လာခဲ့ပါတယ်။ ဖျားနာသူ ၇၅,၀၀၀ နီးပါး ကို နေ့စဉ်ရောဂါပိုး စစ်ဆေးရာ ၇.၄ ရာခိုင်နှုန်းမှာ ပိုးတွေ့ရှိကြောင်း သိရပါတယ်။ ရောဂါပိုးတွေ့ရှိသူ တွေထဲမှ စိုးရိမ်ရတဲ့အတွက် ဆေးရုံများမှာ ကုသမှု ခံယူသူဦးရေဟာ ပျမ်းမျှအားဖြင့် နေ့စဉ် ၂,၃၇၇ ဦးရှိပြီး အဲဒီထဲမှ ၄၆၆ ဦးဟာ အထူးကြပ်မတ်ဆောင်မှာ ကုသခံယူနေရကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

 

 MDN

ကိုးကား - AFP