ကနေဒါနိုင်ငံမှာ ထုတ်လုပ်မယ့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ၇၆ သန်း ဝယ်ယူမယ်လို့ ဝန်ကြီးချုပ် ကြေညာ

၂၄ အောက်တိုဘာ

 

 

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးက နိုင်ငံသား အားလုံးအတွက် ကာကွယ်ဆေး လုံလောက်ရန် ကနေဒါနိုင်ငံမှာ ပထမဆုံး ထုတ်လုပ်မယ့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ၇၆ သန်း ဝယ်ယူမယ်လို့ ဝန်ကြီးချုပ်က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

 

ကနေဒါ ဆေးကုမ္ပဏီ Medicago မှ ကာကွယ်ဆေးကို ကနေဒါ ဒေါ်လာ ၁၇၃ သန်း (အမေရိကန် ဒေါ်လာ ၁၃၂ သန်း) ဖိုး ဝယ်ယူမယ်လို့ သဘောတူညီချက်ဟာ ကမ္ဘာတစ်ဝန်းက ဆေးကုမ္ပဏီတွေဖြစ်တဲ့ AstraZeneca၊ Sanofi and GSK၊ Novavax၊ Johnson & Johnson၊ Pfizer နဲ့ Moderna တို့ကနေ ကနေဒါ အစိုးရက ကာကွယ်ဆေး ဝယ်ယူဖို့ သဘောတူညီချက် ရရှိပြီးမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

 

ကနေဒါနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးဟာ အခုဆိုရင် စုစုပေါင်း ဆေးလုံးရေ ၃၅၈ သန်း ရရှိနိုင်ပြီ ဖြစ်ပါတယ်။

 

 

လူဦးရေ ၃၈ သန်း နေထိုင်တဲ့ ကနေဒါ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးဟာ လူတစ်ဦးကို ဆေး ၂ လုံး လိုအပ်မယ်လို့ ယူဆရကြောင်း သိရပါတယ်။

 

 

ဝန်ကြီးချုပ်က ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အသုံးပြုရန် အဆင်သင့်ပြီဆိုတာနဲ့ ကနေဒါ နိုင်ငံသားတွေ အတွက်လည်း အဆင်သင့်ဖြစ်ပြီလို ဆိုရမှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

 

 

နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူဟာ ၂၁၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူဟာ ၁၀,၀၀၀ နီးပါရှိကြောင်း သောကြာနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP

a1