ကနေဒါနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူနှစ်ဦးတွေ့ရှိ

နိုဝင်ဘာ ၂၉

 

ကနေဒါနိုင်ငံ မြို့တော်အော့တဝါတွင် အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနှစ်ဦးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်ဟု ဆိုသည်။

 

ကနေဒါတာဝန်ရှိသူများက ထိုကူးစက်ခံရသူနှစ်ဦးသည် အာဖရိကရှိ နိုင်ဂျီးရီးယားနိုင်ငံမှ မကြာသေးမီက ခရီးသွားလာခဲ့သူများဖြစ်သည်ဟု ယမန်နေ့ကပြောကြားသည်။

 

မြောက်အမေရိကတွင် အိုမီခရွန်ဗီဇပြောင်း ကူးစက်မှုဖြစ်ပွားခြင်းကို ပထမဆုံးထုတ်ပြန်ကြေညာခဲ့သည်။

 

ထိုဗီဇပြောင်းဗိုင်းရပ်စ်သည် တောင်အာဖရိကတွင် ပထမဆုံးတွေ့ရှိခဲ့သည်ဟုဖော်ပြခဲ့သော ဗိုင်းရပ်စ်ဖြစ်သည်။

 

အမေရိကန်နိုင်ငံက တောင်အာဖရိကနိုင်ငံအပါအဝင် တောင်အာဖရိကနိုင်ငံပေါင်းရှစ်နိုင်ငံမှခရီးသွားလာခွင့်ကို ကန့်သတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို