ကနေဒါနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၈၉၀ ရှိလာပြီဖြစ်

အော့တဝါ   ဩဂုတ်   ၅

ကနေဒါနိုင်ငံတွင် ဩဂုတ် ၃ ရက်အထိ မျောက်ကျောက်ရောဂါ ကူးစက် ခံရသူ ၈၉၀  ရှိလာပြီဖြစ်ကြောင်း  ကနေဒါနိုင်ငံ  ကျန်းမာရေးအေဂျင်စီက အတည်ပြုပြောကြားသည်။  မျောက်ကျောက်ရောဂါ ကူးစက်ခံရသူများ အနက် အွန်တေးရီးယိုးပြည်နယ်တွင် ၄၂၃ ဦး၊ ကွီးဘက်မြို့တော်တွင် ကူးစက်ခံရသူ ၃၇၃  ဦး၊   ဗြိတိသျှကိုလံဘီယာပြည်နယ်တွင် ၇၈ ဦး၊ အယ်လ်ဘားတားပြည်နယ်တွင်  ၁၃ ဦး၊ ဆက်စကက်ချီဝမ်နယ်တွင် နှစ်ဦးနှင့်  ယူးကွန်းနယ်တွင်  တစ်ဦးရှိကြောင်း ကျန်းမာရေးအေဂျင်စီက ပြောကြားသည်။

ကနေဒါနိုင်ငံ   အမျိုးသားအဏုဇီဝဓာတ်ခွဲခန်းက  မျောက်ကျောက် ရောဂါဖြစ်ပွားသည့်      ဗိုင်းရပ်စ်အတွက်     စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း      သိရသည်။    ကနေဒါနိုင်ငံအစိုးရက Imvamune ကာကွယ်ဆေးအလုံးရေ ၇၀၀၀၀ ကျော်ကို ဖြန့်ဝေထား ကြောင်း    သိရသည်။   ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  လက်ရှိဖြစ်ပွားနေသည့် ကူးစက်ရောဂါကို နိုင်ငံတကာနှင့် သက်ဆိုင်သည့် အရေးပေါ်ပြည်သူ့ကျန်းမာရေးအခြေအနေတစ်ရပ်အဖြစ် ကြေညာထားကြောင်း သိရ သည်။

ဆင်ဟွာ