ကနေဒါတစ်ယောက်နဲ့တူဖို့ ပန်ချာပီခေါင်းပေါင်းကို ဖြုတ်ဖို့ မဲဆန္ဒရှင်က ပြော

၄ အောက်တိုဘာ

 

ကနေဒါနိုင်ငံရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ် ဆစ်ခ်လူမျိုး ပါတီခေါင်းဆောင်ကို ကနေဒီယန်နဲ့တူဖို့ဆိုရင် ပန်ချာပီခေါင်းပေါင်းကို ဖြုတ်ရန် မဲဆန္ဒရှင်တစ်ဦးက ပြောကြားလိုက်တာကို ရုပ်မြင်သံကြားမှာ တွေ့မြင်ခဲ့ရပါတယ်။ 

 

နယူးဒီမိုကရက်တစ်ပါတီခေါင်းဆောင်၊ လွှတ်တော်အမတ် ဂျာမတ်ဆင်းကို အရောင်စုံတဲ့ သူ့ရဲ့ ပန်ချာပီခေါင်းပေါင်းကြောင့် လူသိများသူဖြစ်ပါတယ်။ ဆင်း ဟာ တိုင်းရင်းသားလူနည်းစုတွေထဲ ကနေ ကနေဒါဖယ်ဒရယ်ပါတီ ခေါင်းဆောင်အဖြစ် ပထမဦးဆုံး ရွေးချယ်ခံရသူဖြစ်ပါတယ်။

 

မဲဆန္ဒရှင်ရဲ့အပြောကို ပါတီခေါင်းဆောင် ဆင်းက ကနေဒါနိုင်ငံသားဆိုတာ လူမျိုးစုံကိုပြောတာပါ။ အဲဒီလို စုံလင်တာက ကနေဒါရဲ့အလှပါလို့ ပြန်ပြောစဉ် မဲဆန္ဒရှင်က ရောမရောက်ရင် ရောမလိုကျင့်ရတယ်။ ကနေဒါမှာ မွေးဖွားတဲ့ ဆင်းအနေနဲ့ ကနေဒီယန်တစ်လောက်လို လုပ်ဖို့ပြောပါတယ်။ အဲဒီအပြောကို ပါတီခေါင်းဆောင် ဆင်းက ကနေဒါနိုင်ငံမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ရတယ်လို့ အချီအချပြောရာ မဲဆန္ဒရှင်က ကောင်းပြီလေ။ ခင်ဗျားအနိုင်ရမယ်လို့ ထင်ပါတယ်။ ဂရုစိုက်ပါဆိုပြီး။ မဲဆန္ဒရှင်နဲ့ နယူးဒီမိုကရက်တစ်ပါတီခေါင်းဆောင်တို့ အပြန်အလှန် အချီအချပြောနေတာကို ရုပ်မြင်သံကြားမှာ လွှင့်ထုတ်သွားပါတယ်။ 

 

MDN
ကိုးကား - AFP