ကနေဒါတွင် လေပြင်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ကိုးရက်ကြာသည်အထိ လျှပ်စစ်ပြတ်တောက်နေဆဲ

အော့တဝါ  ဇွန် ၁

နွေဦးနှောင်းပိုင်းတွင် အားကောင်းသော လေပြင်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ကနေဒါနိုင်ငံ၏ မြို့တော် အော့တဝါတွင် နေထိုင်သူ အများစု နှင့် အွန်တာရီယိုပြည်နယ်၊ ကွီဘက်စ်ပြည်နယ်တို့မှ အချို့နေရာများတွင် ကိုးရက်ကြာသည်အထိ လျှပ်စစ်ဓာတ်အားမရရှိသေးကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။ 

မေ ၂၉ ရက်အထိ အော့တဝါရှိ အိမ်ခြေ ၉၀၀၀ နှင့် စီးပွားရေးလုပ်ငန်း များ   လျှပ်စစ်ဓာတ်အား   ပြတ်တောက်နေဆဲဖြစ်ကြောင်း၊   စာသင် ကျောင်းများလည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ပိတ်ထား ရဆဲဖြစ်ကြောင်း၊ သို့သော်လည်း ဟိုက်ဒရိုအော့တဝါက ၎င်းတို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ၁၈၀၀၀၀ ၏ ၉၄ ရာခိုင်နှုန်းကို လျှပ်စစ်မီး ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောသည်။ 

မေ ၂၁ ရက်က လေပြင်းမုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့တော် အော့တဝါ၊ အွန်တာရီယိုနှင့် ကွီဘက်ပြည်နယ်အချို့တို့တွင် လျှပ်စစ် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၉၀ ကီလိုမီတာအထိ တိုက်ခတ်ခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့ ကြောင်း၊    ထို့အပြင်   ဟိုက်ဒရိုလျှပ်စစ်တိုင်   ၁၉၀၀   နှင့်    ရာနှင့်ချီ  ယာဉ်ကြောထိန်း    အချက်ပြမီးများ   ပျက်ခဲ့ကြောင်း၊    အွန်တာရီယို ပြည်နယ်နှင့်    ကွီဘက်စ်ပြည်နယ်မှ   ဟိုက်ဒရို    လျှပ်စစ်ဓာတ်အား သုံးစွဲသူ ၄၀၀၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း  သိရသည်။   

အွန်တာရီယိုပြည်နယ်ရှိ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အား လိုင်းများ ပြန်လည်တည်ဆောက်မှု ရက်သတ္တပတ်အနည်းငယ် ကြာမြင့် နိုင်ကြောင်း သိရသည်။                     
                             
ဆင်ဟွာ