ကနေဒါဝန်ကြီးချုပ်က အသားရောင် ခွဲခြားမှု အသွင်ဆောင်တဲ့ အညိုရောင်မိတ်ကပ် လိမ်းဖူးတဲ့အပေါ် တောင်းပန်

၁၉ စက်တင်ဘာ


ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက အသားရောင် ခွဲခြားမှု အသွင်ဆောင်တဲ့ အညိုရောင် မိတ်ကပ်ကို လွန်ခဲ့တဲ့ ၁၈ နှစ်က လိမ်းဖူးကြောင်းကို Time မဂ္ဂဇင်းက အဖြူအမည်း ဓါတ်ပုံနဲ့ ဖော်ထုတ်လိုက်ပါတယ်။ အဲဒီလို လုပ်ခဲ့ဖူးတာကို ဝန်ကြီးချုပ်က ဝန်ခံပြီး မနေ့က တောင်းပန်လိုက်ပါတယ်။ 


Time မဂ္ဂဇင်းက ဖော်ပြလိုက်တဲ့ အဖြူအမည်း ဓါတ်ပုံထဲမှာ ထရူးဒိုးက ပန်ချာပီ ခေါင်းပေါင်းကို ပေါင်းထားပြီး မျက်နှာ၊ လည်ပင်းနဲ့ လက်တွေမှာ အညိုရောင် မိတ်ကပ်ကို လိမ်းထားပါတယ်။ အဲဒီဓါတ်ပုံက ၂၀ဝ၁ ခုနှစ်၊ ထရူးဒိုး အသက် ၂၉ နှစ်အရွယ်ကဖြစ်ပြီး ဘန်ကူးဘားရှိ ပုဂ္ဂလိကကျောင်း West Point Grey Academy ကျောင်းမှာ ကျောင်းဆရာအဖြစ် အလုပ်လုပ်နေစဉ်က ဖြစ်ပါတယ်။ 


ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး က လာမယ့်အောက်တိုဘာ ၂၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြန်လည် ရွေးကောက်ခံနိုင်ရေးအတွက် ထရူးဒိုး ဦးဆောင်တဲ့ လစ်ဘရယ်ပါတီ ဟာ အန်ဒရူး ရှီးယား ဦးဆောင်တဲ့ ကွန်ဆာဗေးတစ် ပါတီနဲ့ အကြိတ်အနယ် ဖြစ်နေချိန်မှာ အခုဓါတ်ပုံကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။


လစ်ဘရယ်ပါတီ ခေါင်းဆောင် အန်ဒရူး ရှီးယားက အဲဒီဓါတ်ပုံကို မြင်လိုက်တဲ့အတွက် သိပ်အံသြပြီး စိတ်ဆိုးရတယ်။ အသားရောင်ခွဲခြားမှု ဖြစ်တယ်။ ၂၀ဝ၁ ခုနှစ်က ဖြစ်ပြီး အခုမှ ၂၀၁၉ ခုနှစ်ဘဲ ရှိသေးတယ်။ ကနေဒါနိုင်ငံသား တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာပိုင်းအရ ပေါ့လျော့မှုဖြစ်ပြီး နိုင်ငံကို အုပ်ချုပ်ဖို့အတွက် မဖြစ်နိုင်ဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ 


ထရူးဒိုးက အဲဒီဓါတ်ပုံနဲ့ ပတ်သတ်ပြီး အဲဒီချိန်က အာရပ်ညအဖြစ် သူဟာ အာလာဒင်ဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အပြုအမူအတွက် နောင်တရကြောင်းနဲ့ အသားရောင်ခွဲခြားမှုနဲ့ ပတ်သတ်ပြီး ပိုပြီးအဲဒီအချိန်က အသိအမြင် ရှိသင့်ကြောင်း သတင်းမီဒီယာတွေကို ပြောကြားပါတယ်။ သတင်းသမားတွေက အခုကိစ္စနဲ့ ပတ်သက်ပြီး နှုတ်ထွက်ဖို့ ရှိလား မေးခဲ့အခါ လူတွေက မှားတတ်တယ်။ အဲဒီ့အတွက် နောင်တရကြောင်းသာ ပြောဆိုပါတယ်။ 


ဒါပေမယ့် ဂျက်စတင် ထရူးဒိုးက မော်ဒန်ကနေဒါရဲ့ ဖခင်ကြီးလို့ သတ်မှတ်ကြတဲ့  ကနေဒါဝန်ကြီးချုပ်ဟောင်း ဖြဲထရူးဒိုး ရဲ့သား ဖြစ်တဲ့အတွက် အသားအရောင် ခွဲခြားမှုကို သူများတွေထက်ပိုပြီး သိရမယ်လို့ ပြောဆိုနေပါတယ်။


အသက် ၄၇ နှစ်အရွယ် ထရူးဒိုးဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပေမယ့် အခုချိန်မှာ အငြင်းပွားစရာ ကိစ္စတော်များများနဲ့ အသားရောင် ခွဲခြားမှု ပြဿနာတွေ ရင်ဆိုင်နေပါတယ်။ 


MDN
ကိုးကား - AFP