ကင်ရှာဆာ မေ  ၂၈

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းပြည်နယ်များတွင် ရောဂါပျံ့နှံ့မှုများ ဆက်လက်ဖြစ်ပွားသဖြင့်    အီဘိုလာရောဂါသံသယရှိသူအရေအတွက်မှာ ၁၀၀၀  ကျော်ရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာန၏   မေ ၂၇ ရက် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအတွင်း  မေ ၂၆ ရက်က စုဆောင်းထားသည့်  သတင်းအချက်အလက်များအပေါ်အခြေခံ၍  အီဘိုလာရောဂါသံသယရှိသူ ၁၀၇၇ ဦးရှိကြောင်း၊ မေ ၁၅ ရက်က ရောဂါဖြစ်ပွားခဲ့သည်ဟု ကြေညာသည့်အချိန်မှစ၍ အီဘိုလာရောဂါဖြစ်ပွားသူ ၁၂၁ ဦးရှိကာ   သံသယရှိသူ  ၂၃၈  ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အရှေ့ပိုင်းပြည်နယ်များဖြစ်သည့် အီတူရီ၊ မြောက်ကီဗူနှင့် တောင်ကီဗူပြည်နယ်တစ်ဝန်း  ကျန်းမာရေးဇုန် ၁၃ ခုတွင် ရောဂါဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။           

ဆင်ဟွာ