ကွန်ဂိုနိုင်ငံ အနောက်မြောက်ပိုင်း၌ အီဘိုလာရောဂါပိုးကူးစက်ခံရသူတစ်ဦး ထပ်မံတွေ့ရှိ

ကင်ရှာဆာ  မေ  ၆

 

ကွန်ဂိုနိုင်ငံ  အနောက်မြောက်ပိုင်း၌ အီဘိုလာ ရောဂါပိုးကူးစက်ခံရသူတစ်ဦး  ထပ်မံစစ်ဆေး တွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း အီဘိုလာရောဂါပိုး ကူးစက်ခံရသူ သုံးဦးအထိရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယနေ့ပြောကြားသည်။ 

 

အသက် ၄၈ နှစ်အရွယ်ရှိ အဆိုပါအီဘိုလာ ရောဂါပိုးကူးစက်ခံရသူအား ယမန်နေ့တွင် နိုင်ငံ အတွင်းရှိ အမ်ဗန်ဒါကာမြို့၌ တွေ့ရှိခြင်းဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားသည်။ 

 

ကွန်ဂိုနိုင်ငံ အနောက်မြောက်ပိုင်း အီကွက်တိန်ပြည်နယ် အမ်ဗန်ဒါကာမြို့၌ ပထမဆုံးအီဘိုလာ ရောဂါပိုးကူးစက်ခံရသူနှစ်ဦး   စတင်တွေ့ရှိခဲ့ပြီး  လက်ရှိအချိန်ထိ အီဘိုလာရောဂါပိုး ကူးစက်ပျံ့နှံ့ လျက်ရှိကြောင်း ကြေညာခဲ့သည်။ ယခုအီဘိုလာရောဂါပိုးကူးစက်ခံရသည့် အသက် ၄၈ နှစ်အရွယ် အမျိုးသားသည် နိုင်ငံအတွင်း ပထမဆုံးအီဘိုလာရောဂါကူးစက်ခံရသူများနှင့်   ဆက်စပ်မှုရှိကြောင်း သိရသည်။ ကွန်ဂိုနိုင်ငံရှိ ပထမဆုံးအီဘိုလာရောဂါ ကူးစက်ခံရသူများမှာ ရောဂါလက္ခဏာများ ပြသခဲ့ပြီး နောက် သေဆုံးသွားကြောင်း သိရသည်။ 

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ