ကွန်ဂိုသမ္မတနိုင်ငံနှင့် အီသီယိုပီးယားနိုင်ငံ တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၃၁၀ဝ၀ဝ ရေလွှမ်းမိုးမှုနှင့်ကြုံတွေ့နေ

၁၁ ဒီဇင်ဘာ

 

ကွန်ဂိုသမ္မတနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၇၀ဝ၀ဝ ထက်မနည်း ထိခိုက်နေစဉ် အီသီယိုပီးယားနိုင်ငံတွင် လူ ၁၄၀ဝ၀ဝ မြစ်ရေကြီးမှုဒဏ်ခံနေရသည်ဟု အမေရိကန် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

 

ကွန်ဂိုသမ္မတနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၇၀ဝ၀ဝ ထက်မနည်း ထိခိုက်ခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ဝင်များက ၎င်းတို့ကို ပြောကြားခဲ့သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် ၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟတ် က ဆိုသည်။

 

အီသီယိုပီးယားနိုင်ငံတွင် လူပေါင်း ၁၄၀ဝ၀ဝ ခန့် ရေလွှမ်းမိုးဒဏ် ခံစားနေရကြောင်း၊ ကုလသမဂ္ဂ နိုင်ငံများနှင့် ၎င်းတို့၏မိတ်ဖက်နိုင်ငံများသည် ရေလွှမ်းမိုးဒဏ်ခံစားနေရသည့် ထောင်ချီရှိသော အိမ်ထောင်စုများကို စားနပ်ရိက္ခာ တန်ချိန် ၂၆၀ဝ နီးပါး ပေးပို့ခြင်းဖြင့် ထောက်ပံ့ခဲ့ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 

mdn

 

ကုလသမဂ္ဂသည် ကွန်ဂိုသမ္မတနိုင်ငံ အစိုးရ၏ အားထုတ်ကြိုးပမ်းမှုကို အထောက်အကူပြုကာ အစားအစာ၊ ရောဂါကာကွယ်ရန် သန့်ရှင်းရေးပစ္စည်းအသုံးအဆောင်များနှင့် အခြား အရေးတကြီး လိုအပ်နေသော ထောက်ပံ့ရေးပစ္စည်းများကို ဆိုးရွားစွာထိခိုက်သော ဒေသ သို့ လှေဖြင့် ပေးပို့ခဲ့ကြောင်း ယင်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

 

ယူဘန်ဂီ နှင့် ကွန်ဂို မြစ်များ၏ မြစ်ရေလျှံမှုကြောင့် ကွန်ဂိုနိုင်ငံ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကာ အခြေခံအဆောက်အဦများ ပျက်စီးခဲ့ပြီး အစားအစာ၊ သောက်ရေ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယင်းဒေသသည် ရေလွှမ်းမိုးမှုနှင့်ကြုံတွေ့ခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို