ကွင်းလယ်ကစားသမားဟာရဲရားရာသီကုန်တွင် မန်ယူမှ ထွက်ခွာမည်

mdn

၁၂ မေ

 

မန်ယူအသင်းကွင်းလယ်ကစားသမားဟာရဲရားသည် ယခုနှစ်ဘောလုံးရာသီကုန်တွင်၎င်း၏ လက်ရှိစာချုပ် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် မန်ယူအသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။

 

မန်ယူအသင်းမှ ထွက်ခွာမည်ဆိုသည့်သတင်းများမှာ ဟာရဲရား၏ အနာဂတ်နှင့် စပ်လျဉ်း၍ ထင်ကြေးပေးမှုများ ရှိလာခဲ့ပြီးနောက် လူမှုမီဒီယာမှတစ်ဆင့် ဟာရဲရားက အတည်ပြုပြော ကြားခဲ့ခြင်းဖြစ်သည်။

 

အသက် ၂၉ နှစ်အရွယ်ရှိ စပိန်ကွင်းလယ်ကစားသမားဟာရဲရားသည်၂၀၁၄ ခုနှစ်က နည်းပြဗန်ဟားလ် မန်ယူအသင်းကို ကိ်ုင်တွယ်နေစဉ်အတွင်း ဘီဘာအိုအသင်းမှမန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြင်သစ်ပထမတန်းကလပ်ပီအက်စ်ဂျီအသင်းနှင့် သဘောတူညီထားပြီးဖြစ်ကြောင်း သိရသည်။

 

ယင်းမှာ မန်ယူအသင်းက ဟာရဲရားကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးစားခဲ့သော်လည်း မည်သည့်သဘောတူညီ ချက်မှ မရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ဟာရဲရားအနေဖြင့် မန်ယူအသင်း မှာ လုပ်ခလစာအမြင့်ဆုံးရရှိနေသည့် ကစားသမားများနည်းတူ ရရှိရန်လည်း တောင်းဆိုခဲ့ကြောင်းသိရသည်။ကွင်းလယ်ကစားသမားဟာရဲရားသည် မန်ယူအသင်းမှ ထွက်ခွာရန်စီစဉ်ထားခဲ့ခြင်း ကြောင့် မေ ၁၂ ရက်တွင် ကာဒစ်ဖ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပရီမီယာလိဂ်နောက်ဆုံး ပွဲစဉ်တွင်လည်း ပါဝင်လာရန်မသေချာသေးကြောင်း သိရသည်။

 

ဟာရဲရားသည် မန်ယူအသင်းနှင့်အတူ ၁၈၉ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၂၀ သွင်းယူထားကာ အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ရယူပေးခဲ့ရာတွင် ပါဝင်ခဲ့သည့် ကစားသမား တစ်ဦးလည်း ဖြစ်သည်။

ငွေကြယ်