ကင်းမွန်ရခိုင်သုပ်

ကင်းမွန်ဟာ ပင်လယ်စာတစ်မျိုးဖြစ်ပြီး ခရုအုပ်စုဝင်ဖြစ်ပါတယ်။ ကင်းမွန်မျိုးစိတ် ပေါင်း ၃ဝဝ ကျော်ရှိပြီး ပြည်ကြီးငါးနှင့် ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ကွာခြား ချက်က ပြည်ကြီးငါးက ခန္ဓာကိုယ်လုံးပြီး အတွင်းမှာ အရိုးပြားကြီးကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ကင်းမွန်ကတော့ ခန္ဓာကိုယ် လုံးလုံးရှည်ရှည်လေးဖြစ်လို့ တချို့ဒေသတွေ မှာ ဖောင်တိန်ရယ်လို့ ခေါ်ကြပါတယ်။

 

ကင်းမွန်ကိုကြော်စား၊ ချက်စားနိုင်သော် လည်း သုပ်စားရတာကို အများစုကကြိုက်ကြ ပါတယ်။ ကင်းမွန်သုပ်တော့မယ်ဆိုရင် ပထမဆုံး သန့်စင်ရပါမယ်။ ခေါင်းပိုင်းနဲ့ ကိုယ်ပိုင်းကို အသာဆွဲလိုက်ရုံနှင့် နှစ်ပိုင်း ကွဲသွားပါတယ်။ ခေါင်းပိုင်းမှာရှိတဲ့ မျက်လုံး နှစ်လုံးနဲ့ သွား၊ အစာအိမ်နဲ့အမည်းရောင် မှင်အိတ်တွေကို ဖယ်ပစ်ရပါမယ်။ မှင်အိတ် မှာက အမည်းရောင်အရည်တွေရှိပြီး ရန်သူကို ရှောင်တိမ်းရာမှာ အသုံးပြုတာပါ။ မှင်အိတ်ထဲကအရည်တွေကိုပန်းထုတ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံး မည်းမှောင်သွားတဲ့အခါ ရန်သူကို အလွယ်တကူရှောင်တိမ်းသွားနိုင်ပါတယ်။

 

ရှည်မျောမျောကိုယ်အပိုင်းမှာတော့ ဖုံးထားတဲ့ ခရမ်းရောင်အမြှေးပါးရှိပြီး အလွယ် တကူဖယ်လို့ရပါတယ်။ သန့်စင်ပြီး ကင်းမွန်တွေကို ဆီပါလေကာနဲ့ ဆား အနည်းငယ်ထည့်ပြီး ဒယ်အိုးမှာလှော်ပါမယ်။ သတိပြုဖို့က ပင်လယ်စာဖြစ်လို့ ဆား နည်းနည်းများရင်တောင် အငန်စူးသွားတတ် လို့ အရေးကြီးပါတယ်။ လှော်ထားတဲ့ကင်းမွန် တွေကို အနေတော်လှီးပြီး အသင့်ပြင်ထားပါ။ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်နီ၊ ရှောက်ရွက်ပါးပါးလှီးထည့် သံပရာရည်ညှစ် ပြီး အားလုံးကိုရောသုပ်လိုက်ပါ။ ကင်းမွန် ရခိုင်သုပ်ရပါပြီ။

 

ကင်းမွန်သုပ်ဟာ ဗာဟီရမများလို့ အချိန်ကုန်သက်သာတဲ့အပြင် ဆီမလိုတဲ့ ကျန်းမာရေး ဟင်းတစ်ခွက်ဖြစ်ပါတယ်။ ကြိုက်ရင်တော့ မီးကင်ပြီးသား ပုစွန်ငါးပိလေး ထည့်သုပ်ပါ။ အရသာရှိပြီး ထမင်းမြိန်တဲ့ ဟင်း တစ်ခွက်မို့ စားဖြစ်အောင်သုပ်စားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

 

စံလွင် (ငါးဦးစီး)

 

50636630_2