ကင်မရွန်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် ၃၇ ဉီးသေဆုံးပြီး ၁၉ ဉီး ဒဏ်ရာရ

၂၈ ဒီဇင်ဘာ

 

 

ကင်မရွန်းနိုင်ငံတွင် ယမန်နေ့ နံနက်ပိုင်းက ယာဉ်မတော်တဆမှု ဖြစ်ပွားရာ လူ ၃၇ ဉီး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောသည်။

 

 

ကင်မရွန်းနိုင်ငံ အလယ်ပိုင်း Mbam-et-Inoubouနယ်နိမိတ်ဖြစ်သည့် Ndikinimeki တွင် အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

လူပေါင်း ၇၀ လိုက်ပါလာသည့် အဆိုပါကားသည် ပါကင်ထားထားသော ထရပ်ကား တစ်စင်းကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း Mbam-et-Inoubou အကြီးအကဲဖြစ်သူ မိုနိုနိုက ပြောကြားခဲ့သည်။

 

 

အဆိုပါ မတော်တဆမှု ဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက် ရှိသည်။

 

 

ကင်မရွန်းနိုင်ငံသည် မကြာခဏ ဆိုသလို ယာဉ်မတော်တဆမှု ဖြစ်ပွားလျက် ရှိသည်။

 

 

ကင်မရွန်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင်း နှစ်စဉ် လူပေါင်း ၁၅၀၀ ခန့် သေဆုံးကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

a1