နိုင်ရိုဘီ မေ ၂၈
ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း၌ အုတုမီရှိ အမျိုးသမီးအကယ်ဒမီကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၆ ဦးအထိ ရှိလာသည်ဟု ရဲတပ်ဖွဲ့က မေ ၂၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
နာကူရုခရိုင် ဂစ်ဂဲလ်မြို့ အမျိုးသမီးကျောင်းတွင် မေ ၂၈ ရက် နံနက် ၁ နာရီက ကျောင်းသူများ အိပ်ပျော်နေစဉ် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ကနဦးသေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့သည်။
ဒဏ်ရာရရှိသူများထဲမှ ခြောက်ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူဦးရေတိုးလာခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူ ၇၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူအများအပြားမှာ အသက်အန္တရာယ်စိတ်ချရသည့်အခြေအနေတွင် ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ဆင်ဟွာ


